Skip to main content

မြန်မာ (Burmese)

အခမဲ့ ဘာသာပြန်ဝန်ဆောင်မှုများ၊ စကားပြန် သို့မဟုတ် သင့်တင့်လျောက်ပတ်သည့် နေရာချထားမှု တောင်းဆိုခြင်း

မသန်စွမ်းမှုရှိသူများအနေဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သာတူညီမျှ အလှမ်းမီရယူအသုံးပြုခွင့် ပေးအပ်ရန် Vermont Department of Taxes က ကတိကဝတ်ပြုပါသည်။ ၎င်းတွင် နားမကြားသူ သို့မဟုတ် အကြားအာရုံအားနည်းသူ သို့မဟုတ် အာရုံခံနှစ်မျိုးစလုံး ဆုံးရှုံးထားသူများသာမက အင်္ဂလိပ်ဘာသာ ပြောဆို၊ ဖတ်ရှု၊ ရေးသား သို့မဟုတ် နားလည်သဘောပေါက်နိုင်စွမ်း အကန့်အသတ်ရှိသူများ ပါဝင်ပါသည်။  

စကားပြန်တစ်ဦး သို့မဟုတ် ဘာသာပြန်ဆိုပေးရန် တောင်းဆိုခြင်း

အကယ်၍ အင်္ဂလိပ်ဘာသာစကားသည် သင်၏ပင်မဘာသာစကားမဟုတ်ပါက သို့မဟုတ် သင့်ထံတွင် အင်္ဂလိပ်ဘာသာစကား ဖတ်ရှု၊ ပြောဆို၊ ရေးသား သို့မဟုတ် နားလည်သဘောပေါက်နိုင်စွမ်း အကန့်အသတ်ရှိပါက စကားပြန်တစ်ဦး ရပိုင်ခွင့်ရှိပါသည်။ Vermont Department of Taxes က ဗားမောင့်ပြည်နယ်ဆိုင်ရာ အခွန်များနှင့် အစီအစဉ်များကို ဦးတည်ကြည့်ရှုလုပ်ဆောင်ရာတွင် ကူညီရန် သင့်အတွက် စကားပြန်တစ်ဦး ပေးအပ်ပါမည်။

သင့်တင့်လျောက်ပတ်သည့် နေရာချထားမှု တောင်းဆိုခြင်း

အခွန်ဆောင်သူများအနေဖြင့် အွန်လိုင်းမှဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ စာရေးသား၍ဖြစ်စေ ၎င်းတို့၏ချိန်းဆိုမှုအတွင်း လူကိုယ်တိုင်ဖြစ်စေ ကြိုတင်၍ သင့်တင့်လျောက်ပတ်သော နေရာချထားမှု တောင်းဆိုနိုင်ပါသည်။ ကျွန်ုပ်တို့ အဆောက်အဦး၏ ဧည့်ခန်းမအတွင်းနှင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ပေါ်တွင် စကားပြန်ဝန်ဆောင်မှုများ၊ ဘာသာစကား ခွဲခြားဖော်ပြသည့်ကတ်နှင့် ပတ်သက်သည့် အချက်အလက်၊ နှင့် "သင်ပြောတာကို ကျွန်ုပ်မကြားနိုင်ပါဘူး" ဟုရေးထားသည့် ဆိုင်းဘုတ်တစ်ခုကို မြင်သာသည့် နေရာတစ်ခုတွင် ပို့စ်တင်ပြီး ကြေညာထားပါသည်။

နေရာချထားမှုဆိုင်ရာ တောင်းဆိုချက်လုပ်ငန်းစဉ်ကို လူတိုင်း အလှမ်းမီရယူအသုံးပြုနိုင်ရန်နှင့် အဆင်ပြေလွယ်ကူနိုင်သလောက် ပြုလုပ်ပေးရန် ကျွန်ုပ်တို့ကြိုးစားပါသည်။

အကူအညီတောင်းဆိုရန် ရွေးချယ်စရာများ

  •     လူကိုယ်တိုင် - ကျွန်ုပ်တို့၏ အဆောက်အဦးဧည့်ခန်းမသို့ လာရောက်ပါ၊ ဝန်ထမ်းတစ်ဦးက သင့်အတွက် တောင်းဆိုချက် တစ်ခုကို တင်သွင်းပေးပါလိမ့်မည်။
  •     အီးမေးလ် - tax.support@vermont.gov သို့ အကြောင်းကြားစာတစ်စောင် ပေးပို့ပါ
  •     တယ်လီဖုန်း - ဖုန်းနံပါတ် (802) 828-3763 ကို ခေါ်ဆိုပါ

ရှေ့နေအာဏာလွှဲအပ်ခြင်း ဖောင်ပုံစံ

PA-1

ဤဖောင်ပုံစံ၏ ရည်ရွယ်ချက်က ဘာလဲ။ ဤဖောင်ပုံစံကို အသုံးပြု၍ အခွန်ဆိုင်ရာ ကျွမ်းကျင်သူ၊ ရှေ့နေ၊ မိသားစုဝင် သို့မဟုတ် မိတ်ဆွေသူငယ်ချင်းတစ်ဦး ကဲ့သို့သော အခြားသူတစ်ဦးအား သင်၏ "ကိုယ်စားလှယ်" အဖြစ် ခန့်အပ်ပေး နိုင်ပါသည်။ အဆိုပါကိုယ်စားလှယ်သည် ဗားမောင့်ပြည်နယ် အခွန်ဌာန (Vermont Department of Taxes) နှင့် ဆက်သွယ် ပြောဆိုမှုများအတွင်း သင့်အား ကိုယ်စားပြုရန်နှင့် အခွန်ပြန်အမ်းငွေရရှိရန်အတွက် သင့်ကိုယ်စား တင်သွင်းရန် အခွင့်အာဏာရှိပါသည်။

အခွန်ဆိုင်ရာ အချက်အလက်ထုတ်ပြန်ရန် အခွင့်အာဏာလွှဲအပ်ခြင်း ဖောင်ပုံစံ

8821-VT

ဤဖောင်ပုံစံ၏ ရည်ရွယ်ချက်က ဘာလဲ။ ဤဖောင်ပုံစံက သင်၏အခွန်ဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ရန်အတွက် အခြားသူတစ်ဦးအား ခွင့်ပြုပေးပါသည်။ အဆိုပါသူသည် အခွန်ဆိုင်ရာ ကျွမ်းကျင်သူ၊ ရှေ့နေ၊ စကားပြန်၊ မိသားစုဝင် သို့မဟုတ် မိတ်ဆွေသူငယ်ချင်းတစ်ဦး ဖြစ်နိုင်ပါသည်။ ထိုသို့ခွင့်ပြုခြင်းက အခွန်ဌာန (Tax Department) အနေဖြင့် အဆိုပါသူအား သင့်အခွန်များအကြောင်းနှင့် ပတ်သက်ပြီး ပြောဆိုခွင့်ပြုပါသည်။